Social Icons

Pages

Monday, December 17, 2018

ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်

ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်
-
နေပြည်တော်   ဒီဇင်ဘာ  ၁၆ 
-
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဦးစီးမှူးရုံးက ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာ တန်ဆောင်ခန်းမ၌ ကျင်းပသည်။ အဆိုပါပေးအပ်ပွဲတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသိန်းဆွေ က မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနက် အချို့သော ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် နေရာအတည်တကျမနေဘဲအခြားဒေသများ ကို ပြောင်းရွှေ့နေ ထိုင်ကြပြီး ရောက်ရှိ နေထိုင်ရာဒေသတွင်  အိမ်ထောင်စု လူဦးရေ စာရင်းမရှိသည့် အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းအခက်အခဲများ ပြေလည်စေရန် ယခင်အိမ်ထောင်စု စာရင်း လျှောက်ထားဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြေ လျှော့ပြီး ကာယကံရှင် များကို မူလနေထိုင်ရာ ဒေသသို့ ပြန်လည်စေလွှတ်ခြင်း မပြုဘဲ သက်ဆိုင်ရာမြို့နယ်ရုံး အချင်း ချင်းချိတ်ဆက်၍ သတ်မှတ်ချက်နှင့်အညီ စိစစ်မှန်ကန်ပါက ရောက်ရှိရာဒေသ၌ပင် အိမ်ထောင်စုလူဦးရေ စာရင်း ထုတ်ပေးပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်ကို  ၂ဝ၁၆ ခုနှစ် မေ ၁ ရက်မှစ၍ အဆင်ပြေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။ 
-
ယခုလည်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားကို မြို့ပေါ် ရပ်ကွက်များတွင်  သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊  နိုင်ငံသား စိစစ်ရေး ကတ်ပြားသည် လူတစ်ဦး တစ်ယောက် အတွက်  မရှိမဖြစ်လိုအပ်သည့် ကတ်ပြားဖြစ်ပြီး ဌာန၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ထုတ်ပေးရကြောင်း၊ ဘိုးဘွားစဉ်ဆက်   မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက် ရသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး သက်ဆိုင်ရာရုံးများ၌သာ ကိုယ်တိုင်သွားရောက်လျှောက်ထားဖြည့်သွင်း ဆောင်ရွက် ရသည့်လုပ်ငန်းလည်းဖြစ်ကြောင်း၊  သို့သော် လည်း တချို့ပြည်သူများသည်  အကြောင်း အမျိုးမျိုးကြောင့် လာရောက် လျှောက်ထားရယူ နိုင်ခြင်းမရှိသည့် အတွက်မိမိတို့ဌာနဝန်ထမ်းများသည် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ပြည်သူများ အချိန်ကုန်၊ ငွေကုန် သက်သာစွာ နိုင်ငံသား စိစစ်ရေး ကတ်ပြား ကို ရရှိကိုင်ဆောင်နိုင် ကြပြီဖြစ်ကြောင်း။ မကြာခင်ကာလတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို နိုင်ငံတကာအဆင့်မီ Smart Card အဖြစ် ပြောင်းလဲ ထုတ်ပေး နိုင်ရေး အတွက်လည်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းသည် ကြီးမား ကျယ်ပြန့် သည့်အတွက်    အဘက်ဘက်က  စနစ် တကျ လေ့လာသုံးသပ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
-
ယင်းနောက်   ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီးအတွင်း ပြည်သူများအတွက် နိုင်ငံ သား စိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမှု၊ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးနိုင်ရေး တို့ကို ရှင်း လင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုသိမ်မြို့ပေါ်ရပ်ကွက် (၁၅)ရပ် ကွက်မှ ရပ်ကွက် ကိုယ်စားလှယ်များထံ  နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ကြသည်။ 
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ္စာစီမံ ချက်ဖြင့်  သြဂုတ် ၁၅ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အသက် ၁ဝ နှစ်ပြည့် ပြီးသူ ၅၄ဝ၂၅ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ   ၂ဝ၃၈၂ဦး၊ လဲလှယ်သူ ၈၁၆၂ဦးနှင့်  ပျောက်/ပျက်၊  မိတ္တူ လျှောက် ထားသူ ၁၈၃၃၄ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခမ်းအနားတွင် ပုသိမ်မြို့ပေါ် (၁၅)ရပ်ကွက်မှ ဒေသခံပြည်သူ ၂၇၇၆ ဦး၊ ကျေးရွာနှင့် ကျောင်းများမှ ၂၄၁၈ ဦး စုစုပေါင်း ၅၁၉၄ ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...