Social Icons

Pages

Friday, December 14, 2018

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်အထူးကု ဆေးအဖွဲ့ ကျောက်ဖြူခရိုင်၊ စနဲမြို့၊ စစ်တောကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်အထူးကု ဆေးအဖွဲ့ ကျောက်ဖြူခရိုင်၊  စနဲမြို့၊  စစ်တောကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၃ 
-
ရခိုင်ပြည်နယ်အတွင်းသို့   တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ကျောက်ဖြူခရိုင်၊  စနဲမြို့၊  စစ်တောကျေးရွာရှိ ဒေသခံပြည်သူ  ၉၅၄  ဦးတို့ကို အဆိုပါကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆက်လက် ဆောင်ရွက်ပေးသည်။ 
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၉၃ ဦး၊ ခွဲစိတ်ရောဂါ ၈၆ ဦး၊  သားဖွား/မီးယပ်ရောဂါ  ၇၇  ဦး၊  ကလေးရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၉ဝ ဦး၊ မျက်စိရောဂါ ၁၈၂ ဦးနှင့် သွားရောဂါ ၁၃၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၂ ဦး၊ECG နှလုံး စမ်းသပ်လူနာ ၉၈ ဦးနှင့် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၄၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ  ၂၃  ဦးတို့အား  ဆေးရုံ ရေယာဉ်ပေါ်၌ ဆေးရုံတင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...