Social Icons

Pages

Thursday, December 20, 2018

ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အသေးစား လေလံတင် ရောင်းချမှု ထည့်သွင်းမည်

-
ရန်ကုန်   ဒီဇင်ဘာ  ၁၉           
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့ ၌  ဒုတိယအကြိမ်မြောက်ကျင်းပမည့် 2th  Yangon International Gems & Jewellery Fair - 2019  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အထူး ကဏ္ဍတစ်ရပ် အနေဖြင့် အသေးစားလေလံတင် ရောင်းချမှုအစီအစဉ်ကို ထည့်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက် မျက် လုပ်ငန်းရှင်များ အသင်း  ဒုတိယ ဥက္ကဋ္ဌ (၄) ဒေါ်မြင့်သက်နိုင်ထံမှ သိရသည်။ 
-
''ကမ္ဘာ့ ကျောက်မျက်ရတနာလေလံပွဲ တွေမှာဆိုရင် မြန်မာနိုင်ငံကထွက်တဲ့ ကျောက် မျက်တွေဖြစ်တဲ့ အဖိုးတန် ပတ္တမြားနဲ့ နီလာက  ဈေးကောင်းရ နေရာယူထားမြဲဖြစ်ပါတယ်။   ဒါကြောင့်  အသေးစားလေလံတင် ရောင်းချမှု အစီ အစဉ်ကို ပထမဆုံးအကြိမ် ထည့်သွင်းရခြင်းဖြစ် ပါတယ်''ဟု ဒေါ်မြင့် သက်နိုင်က ပြောသည်။ 
-
အဆိုပါပြပွဲကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်  ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ   မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုနှင့်    ရန်ကုန်တိုင်း ဒေ သကြီး  ကျောက်မျက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍  ၂ဝ၁၉   ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက် အထိ ရန်ကုန်မြို့  ပြည်လမ်းရှိ  Lotte   Hotel ၌ ကျင်းပမည်ဖြစ်သည်။ ပြပွဲအတွက် နိုင်ငံပေါင်း ၄၄ နိုင်ငံကို ဖိတ်ကြားထားပြီး ပြခန်းပေါင်း  ၁ဝဝ ကျော်နှင့် မြန်မာနိုင်ငံအတွင်း ထွက်ရှိသော ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၄ဝ ကျော် ပါဝင် ပြသမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...