
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ နေသည့် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာတက္ကသိုလ် လက်ရွေးစင်ဘော လုံးအသင်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဒီဇင်ဘာ ၁၆ ရက်က ကျင်းပသည့် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး မြန်မာအသင်း ပွဲကုန်ကစား ရှစ်မှတ်ဖြင့် ဗိုလ်လု ပွဲသို့တက်ရောက်လာခြင်းဖြစ်သည်။ အလားတူ ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက ပွဲကုန်ကစား ကိုးမှတ်ဖြင့် ဗိုလ်လုပွဲ တက်ရောက်လာခြင်းဖြစ်သည်။
-
မြန်မာအသင်းသည် ပွဲစသည်နှင့်တိုက်စစ်ဖွင့်ကာ ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပထမပိုင်းတွင် ထိုင်းအသင်းကို ဦးဆောင် ဂိုး ပေးခဲ့ရသည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့သောကြောင့် မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။
-
အလားတူ တတိယနေရာ လုပွဲအဖြစ် ယနေ့နံနက်ပိုင်းတွင် မလေးရှား အသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးချိန် အထိ ဂိုးမရှိသရေ ရလဒ်သာထွက်ပေါ်နေ သောကြောင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ကစားရာ မလေးရှားအသင်းက လာအို အသင်းကို ၅ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိပြီး တတိယ ရရှိခဲ့ကြောင်း သိရသည်။
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment