
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ များအား ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့များက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၅၈ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ နား/နှာခေါင်း/လည် ချောင်းရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။
-
ထို့နောက် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများအား ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment