Social Icons

Pages

Monday, December 17, 2018

တောင်ကြီးမြို့ လူထုစုပေါင်းလမ်းလျှောက်ပွဲ အထူးစည်ကား

တောင်ကြီးမြို့ လူထုစုပေါင်းလမ်းလျှောက်ပွဲ အထူးစည်ကား
-
တောင်ကြီး ဒီဇင်ဘာ ၁၆ 
-
၂ဝ၁၈ ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ် တစ်ခွင် ဒီဇင်ဘာ လူထုစုပေါင်း လမ်း လျှောက်ပွဲ တတိယပတ်ကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မဈေးကြီးရှေ့၌ ကျင်းပရာ ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားကြောင်း သိရသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက သေနတ်ပစ်ဖောက်တာ လွှတ်ပေးပြီး စုပေါင်း လမ်းလျှောက်ကြသူများက မြို့မဈေးကြီးရှေ့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း၊ ပြည်နယ် လွှတ်တော်ရုံး ရှေ့လမ်းမှတစ်ဆင့် မြောက်ဘက်ရှိ ရုံးကြီးလမ်းအတိုင်း ဆက်လက် လမ်းလျှောက် ဆင်နွှဲကာ ပြည်နယ်အားကစားကွင်းသို့ ရောက်ရှိကြသည်။ ထို့နောက် ပြည်နယ် ဘောလုံးကွင်းကြီး၌ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ (၂) တို့ကို စုပေါင်း လေ့ကျင့်မှုများ ပြုလုပ်ကြပြီး Myanmar Fitness Dance အကများဖြင့် ကိုယ်ကာယ လေ့ကျင့်ရေး အကတို့ကို အတူပါဝင် ဆင်နွှဲကြသည်။ 
-
အဆိုပါ လမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ် များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တောင်ကြီး ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ဆရာမများ၊ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၁၃ဝဝဝ ကျော် စုပေါင်းလမ်း လျှောက် ဆင်နွှဲကြကြောင်း သိရသည်။ 
-
(၄ဝ၅)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...