Social Icons

Pages

Friday, December 21, 2018

ပြည်သူများ စာဖတ်ရှိန်မြှင့် တင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်သူများ စာဖတ်ရှိန်မြှင့် တင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ ၂ဝ
-
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော် ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန- ၂ ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း နှင့် ''စာတတ်သူတိုင်း စာဖတ်ရေး''လှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊   Myanmar  Book   Aid  and Preservation Foundation (MBAPF)မှ အမှုဆောင် ဒါရိုက်တာ   ဒေါက်တာသန့်သော်ကောင်းနှင့်   မြန်မာနိုင်ငံ စာကြည့် တိုက်များ ဖောင်ဒေးရှင်းမှ ဒုတိယ ဥက္ကဋ္ဌ  ဦးညွန့်ဆွေတို့ တက်ရောက် ဆွေးနွေးကြသည်။ 
-
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့်  သတင်းအချက် အလက် ထုတ်ပြန်ခြင်းဆိုင်ရာ ပြန်ကြားရေးလုပ်ငန်းများအပြင်  ပြည်သူများအတွက် အသိပညာဖြန့်ဝေခြင်း လုပ်ငန်း ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာအတတ်ပညာပြည့်ဝသည့် နိုင်ငံများ တွင်  ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ အသိပညာ ဖြန့်ဝေရေးသည် လွန်စွာအရေးကြီးကြောင်း။
-
သို့ပါ၍ အခြေခံပညာအဆင့် စာသင် ကျောင်းများကိုအခြေခံပြီး   ကလေးစာပေပွဲ တော်များကျင်းပလျက်ရှိသကဲ့သို့ တက္ကသိုလ် များကိုအခြေခံပြီး လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်များကို ကျင်းပနေခြင်းဖြစ်ကြောင်း၊  မြို့နယ်/ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးနှင့် စာကြည့်တိုက်များကို လူထုအခြေပြု ဗဟိုဌာနများအဖြစ်    အဆင့်မြှင့်တင်လျက်ရှိ သကဲ့သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်  ပူးပေါင်းပြီးလည်း ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခြင်းအပါအဝင် နယ်လှည့် စာကြည့် တိုက်ယာဉ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ကို ဆောင် ရွက်နေခြင်းဖြစ် ကြောင်း၊ နယ်လှည့် စာကြည့်တိုက်ကို နေရာဒေသ အလိုက် သင့်လျော်စွာ စီမံ ဆောင်ရွက်နိုင်ကြောင်း။
-
ယခင်က စက်ဘီးများဖြင့်လည်း ဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်း ရှန်တီ  စေတနာ့ဝန်ထမ်းအဖွဲ့နှင့် ပူးပေါင်းပြီး သုံးဘီး ယာဉ်များဖြင့်လည်း  နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်နေကြောင်း၊ ပြည်ပနိုင်ငံ များတွင် ဒေသအလိုက် လှေများ၊  ဆင်များ စသည်ဖြင့်အသုံးပြုပြီး ဆောင်ရွက်နေကြကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီ အစဉ်ဖြင့်လည်း  သင့်လျော်သည့်နည်းလမ်း များဖြင့် စီမံဆောင်ရွက်ပေးစေလိုကြောင်း နှင့် စာဖတ်ရှိန်မြှင့် တင်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး အားပေးဆောင် ရွက်ကြစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။
-
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေး ဝန်ကြီးများ၊  အသင်းအဖွဲ့များမှ  တာဝန် ရှိ သူများက စာဖတ်ရှိန် မြှင့်တင်ရေး ဆိုင်ရာများကို ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...