Pages

Thursday, December 20, 2018

ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါး စံကွက် ရိတ်သိမ်း

ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါး စံကွက် ရိတ်သိမ်း
-
မိတ္ထှီလာ ဒီဇင်ဘာ  ၁၉ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ဒဟတ္တန်း ကျေးရွာ၌   မြို့နယ်အဆင့်မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက အဆိုပါကျေးရွာရှိ ကွင်းအမှတ် (၁ဝ၈၃)တောင်သူ ဦးအောင်လွင်၏ မိုးစပါး စိုက်ခင်း၌ ကျင်းပသည်။ 
-
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဒေသဝမ်းစာ ဖူလုံရေးအတွက် ဆည်ရေသောက် ရရှိနိုင်သည့် နေရာများတွင် စပါးကို  တိုးချဲ့စိုက်ပျိုးစေပြီးစပါး  တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသခံ လယ်သမား များအား  စိုက်ပျိုး ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  သိပ္ပံ နည်းကျ စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးစေကြောင်း၊ ပြောင်းလဲ လာသည့် ရာသီ နှင့်အညီ  ဒေသနှင့်ကိုက်ညီသည့်  သက်တမ်းတိုးမျိုးများကို ပြောင်းလဲ စိုက်ပျိုးလာကြသည့် အတွက် စပါး အထွက်နှုန်း  ကောင်းမွန်လျက်ရှိ ကြောင်း၊ ယခုကဲ့သို့ စံကွက်ရိတ်သိမ်း ခြင်းဖြင့် စပါးအထွက် နှုန်းများကို သိရှိပြီး နောင် စပါးစိုက်ပျိုးရာတွင်  အားနည်းချက်၊ အားသာချက်များကို  ပြုပြင်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် စပါး တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 
-
ထို့နောက် ကွင်းအမှတ်(၁ဝ၈၃) တောင်သူ ဦးအောင်လွင်၏ မိုးစပါး စိုက်ခင်းကို ရိတ်သိမ်းခြွေ လှေ့စက်ဖြင့်  ရိတ်သိမ်းရာ တစ်ဧကလျှင် စပါး ၉၄  ဒသမ ၅ဝ တင်းထွက်ရှိသည်။ အဆိုပါ  မြို့နယ်အဆင့် မိုးစပါး  စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ် ရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြို့နယ်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  ဒေသခံကျေးရွာများမှ  တောင်သူ များ တက်ရောက်ကြ ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment