Social Icons

Pages

Wednesday, December 19, 2018

ကျောက်ဖြူမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
-
ကျောက်ဖြူ  ဒီဇင်ဘာ  ၁၈ 
-
ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် ကျောက်ဖြူမြို့ရှိ ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များနှင့်မြို့မစည်ပင်သာယာ ဈေးကြီး အတွင်း ဖွင့်လှစ်ထားသော ဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေး ကြသည်။ 
-
အဆိုပါ ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များရှိ ဆေးဝါးများတွင် ဆေးဝါးများ သိုလှောင်ထားရှိမှု၊ နေရောင်ခြည် တိုက်ရိုက် ကျရောက်မှု ရှိ၊ မရှိ၊ မှန်ဗီရိုများဖြင့် စနစ်တကျထားရှိမှု၊ ဆေးပုံးများကို  ကြမ်းပြင်တွင်ထားရှိမှု၊  ဆေးသွင်ပြင်လက္ခဏာ ပြောင်းလဲမှု၊    ရက်လွန် ဆေးဝါးများရောင်း ချမှု ရှိ၊ မရှိ၊ ရက်လွန် ဆေးဝါးများအား စနစ်တကျ စွန့်ပစ်(ဖျက်ဆီး) မှုရှိ၊ မရှိ၊  လိုင်စင်များ နှစ်စဉ်သက်တမ်းတိုး ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးကြကာ ဆေးဝါး ထိန်းသိမ်းရောင်း ချမှုဆိုင်ရာ အသိပညာပေး ဟောပြောကြသည်။ 
-
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပြည်သူ့ ဆေးရုံ အုပ်ကြီးနှင့် မြို့နယ် ကျန်းမာရေးမှူး၊   ပြည်နယ်/ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာ ရှိများနှင့် ဝန်ထမ်းများ၊ ကော်မတီ ဝင်များ၊  မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန   ဒုတိယဦးစီးမှူး၊    မြို့မိမြို့ဖများ ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။ 
-
ဖြိုးဝေလင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...