Pages

Thursday, December 20, 2018

ရွှေဒူးကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်

ရွှေဒူးကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်
-
နေပြည်တော် ဒီဇင်ဘာ ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က  အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ဦးစွာ   ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊  ကျောင်းသူ စုစုပေါင်း ၄၇၅ ဦးတို့ကို ကလေးရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့နောက် ဆေးကုသရေးအဖွဲ့က  ကျောင်းသား၊ ကျောင်းသူများအား လူမှုဘဝနေထိုင်မှု ပုံစံနှင့်   ဆေးလိပ်နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment