Pages

▼

Thursday, December 20, 2018

ကိုးကန့်လူငယ် ဘတ်စကက်ဘော ပြိုင်ပွဲယှဉ်ပြိုင်

-
လားရှိုး ဒီဇင်ဘာ  ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်ရှိ ကိုးကန့် စာပေနှင့် ယဉ်ကျေးမှုအသင်း  ဘတ်စကက်ဘော ကွင်း၌  ယနေ့  နံနက်ပိုင်းတွင် ကိုးကန့်တိုင်းရင်းသား လူငယ်အသင်းကဦးဆောင်၍ ၂ဝ၁၈  ခုနှစ်    ရှမ်းပြည်နယ် (မြောက်ပိုင်း)  လူငယ်   ဘတ်စကက် ဘောပြိုင်ပွဲ  ပထမအကြိမ်ကျင်းပသည်။ 
-
အခမ်းအနားတွင်  ကိုးကန့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ၊ ကိုးကန့်လူငယ် အသင်းဥက္ကဋ္ဌ၊ မြို့နယ်အားကစား နှင့် ကာယပညာ ဦးစီး ဌာန ဦးစီးမှူးနှင့် ကိုးကန့်စာပေနှင့်  ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌတို့က  အမှာစကားပြောကြား ကြပြီး ကိုးကန့် လူငယ် အသင်းဥက္ကဋ္ဌက ပြိုင်ပွဲဝင်ဘောလုံးကို ကွင်းအတွင်းသို့ ပစ်သွင်း၍ အခမ်းအနားကိုဖွင့်လှစ် ပေးကာ ပြိုင်ပွဲဝင် အားကစား သမား များယှဉ်ပြိုင်နေမှုများကို   ကြည့်ရှု အားပေးကြသည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၅ သင်းက  ဒီဇင်ဘာ ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို နိုင်ငံလက်ရွေးစင် အားက စားသမား များပေါ်ထွန်းလာစေရေးနှင့် မူးယစ် ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက် ရည်ရွယ်၍ကျင်းပ ပေးခြင်းဖြစ် သည်။ 
-
အဆိုပါအခမ်းအနားသို့ ကိုးကန့် လူငယ်အသင်းမှ တာဝန်ရှိသူများ၊ ကိုးကန့်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊   ပြိုင်ပွဲဝင်အားကစားသမား များ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment