Social Icons

Pages

Tuesday, December 11, 2018

မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေရေးအဖွဲ့၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ထွက်ခွ

မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေရေးအဖွဲ့၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ထွက်ခွာ
-
နေပြည်တော်  ဒီဇင်ဘာ  ၁ဝ
-
မြန်မာတပ်မတော်နှင့် လာအို တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်၍ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက်ဖျော်ဖြေမည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ  ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဦးဆောင်သော မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ ဒုတိယစစ်သံမှူး  Lt.Col. Latsamy KEOMIXAY တို့က လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
-
မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ  အမျိုးသားယဉ်ကျေးမှု ခန်းမ၌လည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဗီယန်ကျင်းမြို့တော် စစ်ဌာနချုပ်၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ချန်ပါဆပ်ပြည်နယ် စစ်ဌာနချုပ်၌ လည်းကောင်း   ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
-
မြန်မာ့တပ်မတော် ယဉ်ကျေးမှု အနုပညာ အဖွဲ့အနေဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အနုပညာများ နှီးနှောဖလှယ်မှု အစီအစဉ်အရ ယခုအကြိမ်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ တတိယ အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များတွင် မြန်မာ့တပ်မတော်မှ စစ်သည်၊ စစ်သမီးများက မြန်မာ့ရိုးရာ တူရိယာပစ္စည်းများဖြစ်သည့် မြန်မာ့ဆိုင်း၊ စောင်း၊ ပတ္တလား၊ ဒုံမင်း၊ မြန်မာဂီတာ တို့ဖြင့် သံစုံတီးဝိုင်းအသွင် လာအိုသီချင်းများအား သီဆိုတီးခတ် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...