-
မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၉
-
မသန်စွမ်းသူများအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးခြင်းအခမ်းအနားကို ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့ အမှတ်(၃)ရပ်ကွက် မသန်စွမ်းအရင်းအမြစ် ရုံး၌ ယမန်နေ့နံနက်ပိုင်းကကျင်းပသည်။
-
အခမ်းအနားတွင် မြို့နယ် ဒုတိယအုပ်ချုပ် ရေးမှူးက နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ် ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာ၊ ရပ်ကွက်သုံးခုတို့မှ မသန်စွမ်းသူ ၅၂ ဦး အား တာဝန်ရှိ သူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသီးသီးပေးအပ်ကာ မြို့နယ် မသန်စွမ်း အရင်းအမြစ်ရုံး တာဝန်ခံက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားသို့ မြို့နယ် ဒုတိယ အုပ်ချုပ် ရေးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment