Pages

Wednesday, December 19, 2018

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဝင်ထွက်မှု တစ်နာရီလျှင် ၁၉ စင်းအထိ တိုးချဲ့ လက်ခံထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေ

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဝင်ထွက်မှု တစ်နာရီလျှင် ၁၉ စင်းအထိ တိုးချဲ့ လက်ခံထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေ
-
ရန်ကုန် ဒီဇင်ဘာ ၁၈
-
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ်ဝင်ထွက်မှုအနေဖြင့် တစ်နာရီလျှင် ၁၉ စင်း အထိ တိုးချဲ့လက်ခံထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း Yangon Aerodrome Co.,Ltd. ၏ Chief Operating Officer Mr.Jose Angeja ထံမှ သိရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ် ဝင်ထွက်မှုအနေဖြင့် ၂ဝ၁၅ ခုနှစ်က တစ် နှစ်လျှင် ၆၂၉၃၇ ကြိမ်ရှိခဲ့ရာမှ လက်ရှိတွင် အကြိမ်ရေပေါင်း ၇၇ဝဝဝ အထိ တိုးတက်မှု ရှိလာသည်။
-
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လေယာဉ်ပြေးလမ်း တစ်ခုတည်း ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး နိုင်ငံတကာ လေဆိပ်များနှင့် နှိုင်းယှဉ်ပါက လေယာဉ် ဝင် ထွက်သွားလာမှု နည်းပါးနေသေးသော်လည်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး စီးပါက ပိုမိုလက်ခံနိုင်မည်ဖြစ်သည်။ ''ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုအနက် ခရီးသွားတွေနဲ့ လေယာဉ်တွေ ဝင်ထွက်သွားလာမှုများတဲ့ လေဆိပ် တစ်ခုဖြစ်ပါ တယ်။ လိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မီ တိုးချဲ့မှုတွေလည်း ပြုလုပ်နေတာဖြစ်လို့ လာမယ့် နှစ်အတွင်းမှာ တိုးတက်လာမယ့် ခရီးသွားပမာဏကို လက်ခံဝန်ဆောင်မှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
-
အခု အခြေအနေက တစ်နှစ်ကို လေယာဉ်ဝင်ထွက်မှု အကြိမ်ရေ ၁၇ဝဝဝဝ လောက် လက်ခံနိုင်မယ့် အခြေအနေကောင်းတွေ ရှိနေတယ်။ ဒီအတွက်လည်း ပြင်ဆင်နေ ပါတယ်။ အစင်းရေနဲ့ ပြောရင်တော့ ၁၉ စင်းလောက် တိုးချဲ့ဆောင်ရွက် ပေးလာနိုင်မယ်''ဟု Mr. Jose Angeja ကပြောသည်။
-
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နည်းတူ လေယာဉ်ပြေးလမ်း တစ်လမ်းတည်းဖြင့် ဝန် ဆောင်မှုပေးနေသော နိုင်ငံတကာ လေဆိပ်များဖြစ်သည့် တရုတ်နိုင်ငံရှိ Xiamen လေဆိပ်၌ တစ်နှစ်လျှင် လေယာဉ် ဝင်ထွက်သွားလာမှု အကြိမ်ရေ ၁၉၂ဝဝဝ၊ ဂျပန်နိုင်ငံရှိ Fukuoka လေဆိပ်၌ အကြိမ်ရေ ၁၈၃ဝဝဝ၊ ထိုင်းနိုင်ငံရှိ ဖူးခက်လေဆိပ်၌ အကြိမ်ရေ ၁ဝ၅ဝဝဝ၊ ဗြိတိန် နိုင်ငံရှိ Gatwick လေဆိပ်၌ အကြိမ်ရေ ၂၈၆ဝဝဝ၊ အိန္ဒိယနိုင်ငံရှိ Mumbai လေဆိပ်၌ အကြိမ် ရေ ၃၂ဝဝဝဝ ရှိကြောင်း၊ ယင်းပမာဏများနှင့် နှိုင်းယှဉ်ပါက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၌ လေယာဉ် ဝင်ထွက်သွားလာမှု နည်းပါးနေသေးသဖြင့် လိုအပ်သော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment