
-
၁။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၄ဝ x ၄၁ နှင့် ၆၇ x ၆၈ လမ်းကြား၊ ကံ့ကော်လမ်း၊ အမှတ်(ဓ-၁/၇ဝ-ခ)တွင် ပါတီရုံးချုပ် တည်ရှိသော ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီသည် ယင်းတို့၏ ပါတီအမည်အား ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများပါတီ Shan-ni Nationalities Party (SNP) ဟု အမည်ပြောင်းလဲခွင့်ပြုပါရန်နှင့် ပါတီတံဆိပ်ကိုလည်း ဖော်ပြပါအတိုင်း ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလာပါသည်။
-
၂။ ယင်းသို့ တင်ပြလျှောက်ထားလာသည့် ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများပါတီ Shan-ni Nationalities Party (SNP) ဟူသည့် အမည်နှင့် ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီတံဆိပ်ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄(ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။
-
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment