
-
ပဲခူး ဒီဇင်ဘာ ၁၈
-
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၆၅ဝ ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
-
ရှေးဦးစွာ APTERR အတွင်းရေးမှူးရုံး အထွေထွေမန်နေဂျာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကိုယ်စားလှယ်တို့က ဆန်တန်ချိန် ၆၅ဝ ကို လွှဲပြောင်း ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
-
ကိုရီးယားနိုင်ငံမှ ပေးအပ်သော ဆန်တန်ချိန် ၆၅ဝ ကို တောင်ငူမြို့နယ်အတွက် ကီလို ၄ဝ အိတ် ၃၄၇၁ အိတ်၊ ရေတာရှည်မြို့နယ် အတွက် ၆၁၇၃ အိတ်၊ ကျောက်ကြီးမြို့နယ် အတွက် ၂၇၂ အိတ်၊ ဖြူးမြို့နယ်အတွက် ၅၃၈ အိတ်၊ အုတ်တွင်းမြို့နယ်အတွက် ၁၈၂ အိတ်၊ထန်းတပင်မြို့နယ် အတွက် ၁၈ အိတ်၊ ပဲခူးမြို့နယ်အတွက် ၁၈၅ဝ အိတ်၊ သနပ်ပင်မြို့နယ် အတွက် ၅၂၆ အိတ်၊ ကဝမြို့နယ်အတွက် ၉၇၇ အိတ်၊ ဝေါမြို့နယ်အတွက် ၂၅၈ အိတ်၊ ညောင်လေးပင်မြို့နယ်အတွက် ၇၄၅ အိတ်၊ ဒိုက်ဦးမြို့နယ်အတွက် ၃၉ အိတ်နှင့် ရွှေကျင် မြို့နယ်အတွက် ၁၂ဝ၁ အိတ် စုစုပေါင်းကီလို ၄ဝ အိတ် ၁၆၂၅ဝ အိတ်၊ မက်ထရစ်တန်ချိန် ၆၅ဝ တန်ကို မြို့နယ်အလိုက် သဘာဝဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေး ခွဲဝေပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment