
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ကျေးရွာရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ-၂(ရန်ကုန်) သန့်ရှင်းသာယာ လှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သား များက အဆိုပါအိမ်ရာ၌စုပေါင်း လုပ်အားပေး ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက အိမ်ရာဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment