
-
လွိုင်ကော် ဒီဇင်ဘာ ၁၆
-
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ နိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့ အထိမ်း အမှတ် စာပေဟောပြောပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော်ကို လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ၌ ယမန်နေ့တွင် ကျင်းပသည်။
-
အဆိုပါပွဲတော်တွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ စကားရည်လု ပြိုင်ပွဲများနှင့် စာအုပ်ဈေးရောင်းပွဲ များကို ယမန်နေ့နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့သည်။ ထို့နောက် ည ၇ နာရီတွင် ကဗျာဆရာကြီး ထွဏ်းသွေးအိမ်က ''စိတ်ကောင်းလေးတစ်ခု ထားပါ''ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေး ဆရာ ညီမင်းညိုက ''မိုးခြိမ်းသံများနှင့် နှစ်ထောင့်ဆယ်ငါးကစားစရာ''ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာကြီး ဦးဘုန်း(ဓာတု) က ''စာများများဖတ်လေလေ များများဦး ဆောင်နိုင်လေလေ'' ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ ထို့နောက် စာပေဟောပြောပေးခဲ့ကြသည့် စာရေးဆရာကြီးများအား ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် တာဝန်ရှိသူ တို့က ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
-
ထွန်းလေး
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment