
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်ကြီးတွင် ကပ်လှူမည့် ရွှေဆိုင်းများအတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် အဆိုပါ စေတီတော်ကြီး ရင်ပြင်ဓမ္မာရုံ၌ ပြုလုပ်ရာနိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ကံသာကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြသည်။
-
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ကံသာကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးပရိတ်တရားတော်များ နာယူကြသည်။
-
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရွှေဆိုင်းအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းရာ ဂေါပကတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် သံဃာတော်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment