
-
နေပြည်တော် ဒီဇင်ဘာ ၁၆
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် လဝါကျေးရွာ၏အရှေ့ဘက် ၆ မိုင်ခန့်အကွာရှိ တဲတစ်လုံးအားဝင်ရောက် စစ်ဆေးစဉ် ဦးစိုးလွင်(ဘ) ဦးသာဗျော၊ ဦးဇီစီး (ဘ) ဦးဇီသိန်းတို့နှစ်ဦးအား တဲအနီးကောက် ရိုးပုံအောက်၌ အနက်ရောင် ကြွပ်ကြွပ်အိတ် ဖြင့်ထုပ်ထားသော ဘိန်းဖြူ ၃၅ ဂရမ်ခန့်နှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၂ဝဝ ပြား (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၁ဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်း ဆီးရမိသူများအား မဘိမ်းမြို့နယ်ရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့်အရေးယူ နိုင်ရေး နှင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment