Social Icons

Pages

Thursday, November 15, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
ကျိုင်းတုံ  နိုဝင်ဘာ  ၁၄
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)   ကျိုင်းတုံမြို့နယ်  စစ်မှုထမ်းဟောင်း အဖွဲ့များက ကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မ အားကစားကွင်း၌ တပ်မတော်ကို ထောက်ခံခြင်းနှင့်  ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
''ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွတ်စွာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံတာ ဖြစ်ပါတယ်။ တပ်မတော်အပေါ် ထားရှိတဲ့ မိမိတို့ရဲ့ဆန္ဒအမှန် ထုတ်ဖော်ပြသခြင်း ဖြစ်ပါတယ်'' ဟု ဗိုလ်ကြီးချစ်ဝေ(ငြိမ်း)က ပြောသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ကျိုင်းတုံခရိုင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၃ဝဝဝ ဦးက နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံ၊ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊  တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော  Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊  ဘက်လိုက်သော   ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊   ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏  အောက်လုံး အစီရင်ခံစာကို အလိုမရှိ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့  ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆  ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ  ယခုအကြိမ် အပါအဝင် ၁၂၃ ကြိမ်  စုစုပေါင်း အင်အား ၆၅၇၈၅ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...