Social Icons

Pages

Friday, November 2, 2018

ဘုတ်ပြင်းမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ဘုတ်ပြင်းမြို့နယ်ရှိ  ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော် နိုဝင်ဘာ ၁
-
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ဘုတ်ပြင်းမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
-
-
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ ဝင်များသည် ဘုတ်ပြင်းမြို့ရှိ ဓမ္မဝိဇယပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တအိန္ဒြာစရိယအား  သွားရောက်ဖူးမြော် ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့ပြင် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် ၆ဝ ဦးနှင့် ဒေသခံပြည်သူ ခုနစ်ဦးတို့ကို တိုင်းစစ် ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က နယ်မြေခံတပ်မတော်ဆေးရုံ၌ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/ အကြော ရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။     
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...