Social Icons

Pages

Tuesday, November 27, 2018

အသက် ၁ဝ နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး

အသက် ၁ဝ နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး
-
ပဲခူး နိုဝင်ဘာ ၂၆
-
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှိ အသက် ၁ဝ နှစ် ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးကြောင်း သိရသည်။
-
ထိုသို့ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာန ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများက သတ်မှတ်ချက်နှင့်ကိုက်ညီသော အသက် ၁ဝ နှစ် ပြည့် ကျောင်းသား၊ ကျောင်းသူ ၃၅ဝ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စိစစ်ပြုလုပ် ပေးခဲ့သည်။
-
ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက မဇင်းရပ်ကွက်ရှိ မဇင်း(က)နှင့်ဘုရင့်နောင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ ဘုရားကလေးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)စသည့် ကျောင်းသုံးကျောင်းတို့မှ အသက် ၁ဝ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ ၄ဝ၂ ဦး၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၉ဝဝ ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းမှကျောင်း သား၊ ကျောင်းသူ ၄၇၅ ဦး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၈၂ ဦး၊ ကမာနတ် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်း သူ ၂၇၉ ဦး၊အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂ဝ၁ ဦး၊ သီရိဇေယျာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦး၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁၆ ဦး၊ ထုံးကြီး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၅၄ ဦးတို့ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
-
(၄ဝ၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...