Social Icons

Pages

Thursday, November 8, 2018

အောင်ပန်းမြို့၌ စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိ

ကလော  နိုဝင်ဘာ  ၇ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်၌ ယနေ့နံနက် ၃ နာရီခွဲတွင် စိတ်ကြွဆေးပြားများ  သိမ်းဆည်းရမိကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၅)တောင်ကြီးမှ ရဲအုပ်စိုးနိုင်၊ အောင်ပန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်လင်းထွန်း တို့ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ မူးယစ်ဆေးဝါးသတင်းအရ အောင်ပန်း မြို့ ရွာသစ်ရပ်ကွက် ပြည်ထောင်စုလမ်းမ ကြီးဘေးရှိ မြတ်မနောဟိုတယ်အခန်းအမှတ် C1 သို့ ဝင်ရောက်ရှာဖွေ စစ်ဆေး ရာ တည်းခို နေသူ ချစ်ဇော် ၃၂ နှစ်နှင့် ချစ်ဆန်းမောင် (ခ)ဇာကစ် ၁၈ နှစ်တို့နှစ်ဦးအား တွေ့ရှိရပြီး ချစ်ဇော်ဝတ် ဆင်ထားသော မိုးပြာရောင် ဂျင်းဘောင်းဘီရှည် ယာဘက်အရှေ့အိတ်ကပ်အတွင်းမှ အပြာရောင်ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့် ထားသောWY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃ဝ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာ၌   အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား  သိမ်းဆည်းရမိသည်။
-
ဆက်လက်၍ ချစ်ဇော်နှင့်ချစ်ဆန်းမောင် (ခ)ဇာကစ်တို့အားစစ်မေးရာ သိမ်းဆည်းထားသော စိတ်ကြွဆေးပြားများ ကျန်ရှိ နေကြောင်း သိရသဖြင့် အောင်ပန်းမြို့ အေးမြင့်သာယာ အမှတ်(၃)ရပ်ကွက် နယ်မြေ(၉)ရှိ ချစ်ဆန်း မောင်(ခ) ဇာကစ်၏  နေအိမ်အိပ်ခန်းအား ဆက်လက်ရှာဖွေရာ ချစ်ဇော်အိပ်သော  ခုတင်ပေါ်ရှိ ခေါင်းအုံးအတွင်းမှ အဖြူရောင် တိပ်ပတ်လျက် အနက်ရောင်ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ထားသည့် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ် တစ်အိတ်လျှင်WYစာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ အထုပ်သုံးထုပ် စုစုပေါင်းပန်းရောင်စိတ်ကြွ ဆေးပြား ၆ဝဝ ပြားအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိသည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ ချစ်ဇော်၊ ချစ်ဆန်း မောင်(ခ)ဇာကစ်တို့အား အောင်ပန်းနယ်မြေရဲစခန်းက မယ(ပ)၁၆/၂ဝ၁၈၊ မူး/စိတ်ဥပဒေ ပုဒ်မ၁၉(က)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...