Social Icons

Pages

Monday, November 12, 2018

မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး
-
နေပြည်တော်  နိုဝင်ဘာ  ၁၁ 
-
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက   သွားရောက် ကြည့်ရှုအားပေးစကားပြောကြားပြီး   စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါဆေးရုံတွင် တွဲဖက်တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သား ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များ သည်   မရှိန်းလှော်ကျေးရွာရှိ   ရွှေပါရမီဘုန်းတော်ကြီးသင် မူလတန်းလွန် ပညာရေးကျောင်း ဆရာတော်  ဘဒ္ဒန္တဉာဏဝရအား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း  သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ






No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...