Social Icons

Pages

Friday, November 2, 2018

(၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဗိုဗီနမ် အသင်း ပြည်ပထွက်ခွာ

(၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာဗိုဗီနမ် အသင်း ပြည်ပထွက်ခွာ
-
ရန်ကုန်    နိုဝင်ဘာ   ၁

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌နိုဝင်ဘာ ၂ရက်မှ ၇ရက်အထိ ကျင်းပမည့် (၄)ကြိမ်မြောက်  အာရှ ဗိုဗီနမ် ချန်ပီယံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် အတွင်းရေးမှူး အုပ်ချုပ်သူနည်းပြ ဦးကျော်ဝင်းနိုင်၊ အမှုဆောင်  ဒေါ်ခင်လေးမွန်၊  ကစားသမား ဘိုဘို၊  ဆလိုင်း မနားကွီး၊ ရဲဝင်းထူး၊ ခိုင်ဝါဖူးတို့သည် ယနေ့နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန် ရှိသူများ၊ အားကစားသမား မိသားစုဝင်များ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါပြိုင်ပွဲတွင် အာရှနိုင်ငံ ၁၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား၃၈ မျိုးထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ပြိုင်ပွဲအမျိုးအစား ၁၁ မျိုးကို ကစားသမားလေးဦး  ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...