Social Icons

Pages

Thursday, November 15, 2018

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်
-
နေပြည်တော် နိုဝင်ဘာ ၁၄ 
-
နေပြည်တော် တိုင်းစစ်ဌာနချုပ်၏ (၁၃) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်စည် သာပရိယတ္တိ စာသင်တိုက်၌ပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ် ကျောင်း တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော သံဃာတော် များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ကထိန်လျာ သင်္ကန်းများ၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
-
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ပါဝင်သော ပဒေသာပင် ၁၆ ခုကို တိုင်းစစ်ဌာနချုပ်ဓမ္မာရုံမှ ပုဗ္ဗ သီရိမြို့အတွင်း လှည့်လည်၍ အောင်စည်သာ ပရိယတ္တိစာသင်တိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...