-
တောင်ကြီး နိုဝင်ဘာ ၁၂
-
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့များက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်ရှိ တောင်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းရုံး ရှေ့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင် နေမှုများအား ဆန့်ကျင် သည့်ဆန္ဒဖော်ထုတ် ပွဲကျင်းပသည်။
-
''တပ်မတော်က နိုင်ငံတော်ကို ကာကွယ်နေတာ၊ နိုင်ငံဆိုတဲ့နေရာမှာ အင်္ဂါရပ်(၄)ရပ်ရှိပါတယ်။ အင်္ဂါရပ်(၄) ရပ်နဲ့ညီမှနိုင်ငံလို့ ခေါ်ဆိုလို့ရတယ်။ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်သူ အစိုးရ၊ အချုပ် အခြာအာဏာ၊ ပြည်သူဆိုပြီးတော့ အင်္ဂါရပ် (၄)ရပ်ရှိတယ်။ အဲ့ဒီအင်္ဂါရပ်(၄)ရပ်နဲ့ညီလို့ မြန်မာ နိုင်ငံဆိုပြီး ကမ္ဘာက အသိအမှတ်ပြုထားတာပါ။ ဒါတွေကို တပ်မတော်က ကာကွယ်နေတာဖြစ် တယ်၊ ဒါကြောင့် တပ်မတော်ကို ထောက်ခံတာဖြစ်ပါတယ်။ ပြည်သူတွေသိအောင် ပြောချင် တာက တပ်မတော်က စစ်သားတွေဆိုတာ စစ်သားကမွေးလို့ စစ်သားဖြစ်လာတာ မဟုတ်ဘူး၊ ပြည်သူကမွေးလို့ ယုံကြည်ချက်၊ ခံယူချက်နဲ့ တပ်မတော်ထဲဝင်လို့ စစ်သားဖြစ်လာတာပါ၊ အဲ့ဒီ စစ်သားတွေကလည်း ကာလတစ်ခုပြီးဆုံးလို့ရှိရင် အငြိမ်းစားယူပြီးတော့ ပြည်သူထဲကို ပြန် ရောက်ရှိတာပဲဖြစ်ပါတယ်''ဟု တောင်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီး ဝင်းနိုင်က ပြောကြားသည်။
-
ယင်းထောက်ခံပွဲတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ တောင်ကြီး၊ ဟိုပုံးနှင့် ညောင်ရွှေမြို့ နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃ဝဝ ဦးက နိုင်ငံတော်အလံ၊စစ်မှုထမ်း ဟောင်းအဖွဲ့ အလံ များနှင့်အတူ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံ၊ မြန်မာ တပ်မတော်ကို အပြည့် အဝထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှတို့ လုံးဝလက်မခံ၊ မဆီ မဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိဟူ သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ၂ဝ၁၈ ခုနှစ် အထိ ယခုအကြိမ် အပါအဝင် ၁၂၁ အကြိမ် စုစုပေါင်း အင်အား ၆၅၄၅၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ် ကြောင်းသိရသည်။
-
(၄ဝ၅)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment