Social Icons

Pages

Friday, November 16, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ထိပ်သီး အစည်း အဝေး များ၊ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲ အခမ်း အနားသို့ တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏  ထိပ်သီး အစည်း အဝေး များ၊ (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ  ပိတ်ပွဲ အခမ်း အနားသို့ တက်ရောက်
-
စင်ကာပူ နိုဝင်ဘာ ၁၅ 
-
စင်ကာပူနိုင်ငံ၌ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင်  အာဆီယံ- အိန္ဒိယ အလွတ်သဘော နံနက်စာစားပွဲ၊ (၆)ကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံးထိပ်သီးအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နေ့လယ်စာ စားပွဲ(သီးသန့်ထိပ်သီးအစည်းအဝေး)၊ (၁၃)ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီ အစည်း အဝေးနှင့် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲအခမ်းအနားနှင့် ၂ဝ၁၉ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတို့သို့ တက်ရောက်သည်။
-
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယနေ့ဒေသ စံတော်ချိန်နံနက် ၈ နာရီခွဲတွင် စင်ကာပူနိုင်ငံ Suntec Expo Convention Center၌ကျင်းပသည့် အာဆီယံ- အိန္ဒိယ အလွတ်သဘော နံနက်စာ စားပွဲသို့  တက်ရောက် ဆွေးနွေး သည်။
-
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၆) ကြိမ်မြောက် အာဆီယံ- အမေရိကန် ထိပ်သီး အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး ထိပ်သီး အစည်းအဝေး တို့သို့ တက်ရောက် ဆွေး နွေးသည်။
-
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အရှေ့အာရှ ထိပ်သီးအစည်းအဝေး ၏ နေ့လယ်စာစားပွဲ (သီးသန့်ထိပ်သီးအစည်းအဝေး)နှင့် (၁၃)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးတို့သို့ တက်ရောက် ဆွေးနွေးသည်။
-
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်  ဆက်စပ် အစည်း  အဝေးများ ပိတ်ပွဲအခမ်းအနားနှင့် ၂ဝ၁၉ ခုနှစ် အာဆီယံ အလှည့်ကျ  ဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
-
အခမ်းအနားတွင် ၂ဝ၁၈ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက ပိတ်ပွဲ နှုတ်ခွန်းဆက် စကားပြောကြားပြီး၂ဝ၁၉ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်မည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း)ပရာယုသ် ချန်အိုချာထံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် အထိမ်းအမှတ် တူငယ်ကို လွှဲပြောင်း ပေးအပ်သည်။
-
ထို့နောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ပြီး အခမ်းအနား ကိုရုပ်သိမ်းလိုက်သည်။
-
ထိပ်သီးအစည်းအဝေးများ၊ အစည်းအဝေးများ ပိတ်ပွဲနှင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေး အပ်ပွဲ အခမ်းအနား တို့သို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...