Social Icons

Pages

Thursday, November 15, 2018

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကွမ်ကျိုးမြို့ရှိ ကြည်းတပ် အထူး စစ်ဆင်ရေး ကောလိပ်သို့ သွားရောက် လေ့လာ

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကွမ်ကျိုးမြို့ရှိ ကြည်းတပ် အထူး စစ်ဆင်ရေး ကောလိပ်သို့ သွားရောက် လေ့လာ
-
နေပြည်တော်၊ နိုဝင်ဘာ -၁၄ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် ကွမ်ကျိုးမြို့ရှိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ကြည်းတပ် အထူး စစ်ဆင်ရေး ကောလိပ် (PLA  Army Academy of  Special Operations) သို့ ရောက်ရှိ ကြရာ တောင်ပိုင်း စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဒုတိယ စစ်ဦးစီးချုပ် (Deputy Chief of Joint Staff)Major General Tan Jianming ၊ ကျောင်းအုပ်ကြီး Senior Colonel Huang Xinbing နှင့် တာဝန် ရှိသူများက ကြိုဆိုခဲ့ကြ သည်။
-
-
ဦးစွာSenior Colonel Huang Xinbing မှ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး သမိုင်းကြောင်း၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့် သင်တန်း ကျောင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်းကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အထိမ်းအမှတ် ပစ္စည်းနှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် သင်တန်းသားများ လေ့ကျင့် သင်ကြားနေမှုများအား လှည့်လည် ကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
-
 ကွမ်ကျိုးမြို့ရှိ PLA  Army Academy of  Special Operations အား တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အားကစား ကောလိပ်အဖြစ် ၁၉၅၆ ခုနှစ်တွင် ထူထောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ အားကစား၊ အထူးတပ်ဖွဲ့ စစ်ဆင်ရေး၊ သတင်းထောက်လှမ်းရေး ဘာသာရပ်များနှင့် လက်ဖြောင့် ဘာသာရပ်ကို သင်ကြားလေ့ကျင့် ပေးလျက်ရှိပြီး ပြည်ပနိုင်ငံများမှ သင်တန်းသားများကိုပါ ခေါ်ယူ၍ အထူးစစ်ဆင်ရေး၊ ကင်းထောက်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင် မှုနှင့် ကိုယ်ခံပညာ သင်ခန်းစာများကို အဓိက သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် လေ့ကျင့်ရေး တာဝန်ခံများမှာလည်း ပြည်တွင်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့ကြသူ များဖြစ်ပြီး ဘာသာရပ်အလိုက် ထူးချွန်သူများစွာ မွေးထုတ်ပေးလျက်ရှိသော သင်တန်းကျောင်း တစ်ခုဖြစ်ကြောင်း သိရသည်။
-
-
ထို့နောက် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် သင်တန်းကျောင်းရှိ နိုင်ငံခြား ပညာတော်သင်ဌာန စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပြီး Special Operations and Reconnaissance သင်တန်း တက်ရောက် လျက်ရှိသည့် မြန်မာ့ တပ်မတော်မှ သင်တန်းသား အရာရှိ ၂ ဦးအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...