Social Icons

Pages

Monday, November 19, 2018

ရွှေတိဂုံ စေတီတော် ကြာမှောက်၊ ကြာလန်ဧရိယာရှိ နမူနာရွှေစင်ပြားကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု ၉ ဒသမ ၉၁ ရာခိုင်နှုန်း အထိရှိ

ရွှေတိဂုံ စေတီတော် ကြာမှောက်၊ ကြာလန်ဧရိယာရှိ နမူနာရွှေစင်ပြားကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု ၉ ဒသမ ၉၁ ရာခိုင်နှုန်း အထိရှိ
-
ရန်ကုန် နိုဝင်ဘာ ၁၈ 
-
ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလန်ဧရိယာရှိ ရွှေပြားများစစ်ဆေးရန် နမူနာရွှေစင်ပြားကို ပြန်လည် သန့်စင် ရာ တွင် ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်းအထိရှိကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက စေတီတော်တောင်ဘက်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ပြုလုပ်သည့် ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလန်ဧရိယာရှိ ရွှေစင်ရွှေပြားများ စစ်ဆေးရေးအဖွဲ့ ဒုတိယ အကြိမ်ညှိနှိုင်း အစည်းအဝေးမှ သိရသည်။
-
''အခုစမ်းသပ်မှုက အပြည့်အစုံတော့မဖြစ် သေးဘူး။ အစ်မတို့စမ်းသပ်တဲ့အချက်တွေမှာ ရွှေသားနည်းနည်း အားနည်း သွားတယ်။ ဒါ့ပြင်ွသို ဃသအေငညါ ကို ပြဒါးနဲ့သုတ်ပြီးလုပ်ရ တော့ ပါဝင်တဲ့ ပြဒါးပမာဏကလည်း နည်း နည်း များ တယ်။ နောက်ဆုံးမှာတော့ ကြာ မှောက်၊ ကြာလန်ထဲမှာပါဝင်တဲ့ရွှေကိုပြန်ပြီး ထုတ်တယ်။ တစ်ကျပ်သားကို ၁၆ ဂရမ်ကပ်ထားတယ်။ ၁၆ ဂရမ်တော့ အပြည့်မရဘူး။ ရသလောက်ဂရမ်ကိုတော့ ထုတ်ထားတယ်။ ကပ်ထားတဲ့နေရာမှာ  ပြဒါး နည်းနည်းပါတာ များပြီးတော့ ပါးလွှာသွားတယ်လို့ ပထမအချက် အနေနဲ့ သုံးသပ်မိတယ်။ ပါးလွှာတဲ့ အခါ အောက်ခြေမှာရှိတဲ့ ကော့ပါးပြားဆက်ထရိတ်က အပေါ်ကို နည်းနည်းတက်လာတာဖြစ်ပြီးတော့ နည်းနည်းမည်းတာ ဖြစ်တယ်။ ပြဒါးနဲ့ ကော့ပါးကြောင့်ဆိုပြီးတွေ့ရတယ်။ ဒါတွေကို Gold Coating လုပ်မယ်။ စက်တွေနဲ့လည်း ဆက်ပြီး တော့လုပ်ဦးမှာပါ။ ဒါကတော့ ပထမဆုံးတွေ့ရှိ ချက်ကို အဖွဲ့ဝင်တွေသိရှိအောင် အစည်း အဝေးလုပ်တာပါ'' ဟု  ရွှေစင် ရွှေပြား များ စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာ န ညွှန်ကြားရေး မှူး ဒေါက်တာ ဒေါ်မြတ်မြတ် စိုးက ပြော သည်။
-
စစ်ဆေးရေးအဖွဲ့၏ သုံးသပ်တင်ပြမှုတွင် ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလန်ဧရိယာရှိ ရွှေစင်ရွှေပြားများကို ရွှေပမာဏနှင့် အရည်အသွေးစမ်းသပ်ရန် နမူနာရွှေစင် ရွှေပြား ၁ဝ၇ ချပ်ကောက်ယူခဲ့ပြီး ယင်းတို့အနက် အောက်ကြာ နု ဧရိယာရှိ ကိုယ်စားပြု နမူနာကောက်ယူထားသော ရွှေစင်ရွှေပြား ကိုးချပ်ကို စတင်စမ်းသပ်စစ်ဆေးခဲ့ရာ မျက်မြင် အရ ရွှေပါဝင်မှုနှုန်း ၇၄ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၈၅ ဒသမ ဝ၂ ရာခိုင်နှုန်း၊ မာကျူရီ ပါဝင်မှုနှုန်း ၉ ဒသမ ၉၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း၊ ရွှေစင်ရွှေပြားများ၏ ပြဒါးပါဝင်မှုနှုန်း များပြားနေသဖြင့် ကပ်လှူ ထားခဲ့သော ရွှေသားပါဝင်မှုပါးလွှာနေသည်ကို တွေ့ရှိရကြောင်း၊ နမူနာရွှေစင်ရွှေပြားတစ်ချပ်စီကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှုနှုန်း ၉၈ ဒသမ ၉၁ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်းနှင့် ရရှိခဲ့သော အလေးချိန်တွင် နမူနာ တစ်ချပ်စီ အလိုက် မူရင်းကပ်လှူထားသောအလေးချိန် ပမာဏထက် ၁၅ ရာခိုင်နှုန်းခန့်လျော့နည်းနေ သည်ကိုတွေ့ ရှိရကြောင်း ဖော်ပြထားသည်။
-
ရွှေတိဂုံစေတီတော်၏ ကြာမှောက်၊ ကြာလန်ဧရိယာရှိ ရွှေစင်ရွှေပြားများ စစ်ဆေးရန် နမူနာ ကောက်ယူခြင်း အဆင့် ဆင့်တွင် အောက်ကြာနု ၂၇ ချပ်၊ ကြာမှောက်အချပ်ရေ ၂ဝ၊ ရွဲလုံး ၁၆ ချပ်၊ ကြာလန် အချပ်ရေ ၂ဝ နှင့် အထက်ကြာ နု ၂၄ ချပ်တို့ ပါဝင်ပြီး ယခု ဆောင်ရွက် မှုသည် အောက်ကြာနု အဆင့် ဖြစ်သည်။ ရွှေစင်ရွှေပြားများ စစ်ဆေးရေး အဖွဲ့သည် စမ်းသပ်စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ဌာနပေါင်းစုံမှ အဖွဲ့ဝင် ၁၃ဦးပါ ဝင်ကြောင်း သိရသည်။
-
ဝန်းရံခ  
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...