Social Icons

Pages

Tuesday, October 30, 2018

တာမိုးညဲမြို့နယ်၊ ရှောက်ဟော်ကျေးရွာ၊ မန်ခိုပျဉ်ကျေးရွာနှင့် ဆည်းဆာကျေးရွာတို့မှ ရွာသားများအား TNLA နှင့် MNDAA ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူများက အဓမ္မ လူသစ်စုဆောင်း


နေပြည်တော်  အောက်တိုဘာ  ၂၉  
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့ ၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာရှိ ရှောက်ဟော်ကျေးရွာသို့ အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခန့်တွင် TNLA  နှင့် MNDAA ပူးပေါင်းအကြမ်းဖက် သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်သည် ကျေးရွာ၏ အရှေ့မြောက် ဘက်မှ ဝင်ရောက်လာပြီး အသက် ၁၃ နှစ်မှ ၄၉ နှစ်အကြားရှိ ရှောက်ဟော်ကျေးရွာနေ အမျိုးသား ၃၁ ဦး၊ အဆိုပါကျေးရွာရှိ မင်္ဂလာဆောင်သို့ လာရောက်ကြသည့် မန်ခိုပျဉ်ကျေး ရွာနေ အမျိုးသား ၁၂ ဦးနှင့် ဆည်းဆာကျေးရွာနေ အမျိုးသားနှစ်ဦး၊ စုစုပေါင်း အမျိုးသား ၄၅ ဦးတို့ကို လူသစ်စုဆောင်းရန်  အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ည ၁၂ နာရီခန့်တွင် ကျေးရွာ၏တောင်ဘက်နှင့် အရှေ့ဘက်သို့ နှစ်ဖွဲ့ခွဲထွက်ခွာသွားကြောင်း သိရသည်။
-
ထိုသို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် ခံရသူများအနက် အောက်တိုဘာ ၂၈ ရက် နံနက် ၅ နာရီခန့်တွင် အသက် ၂ဝ နှစ်ရှိ ဦးရီဝမ်ဟုမှာ ပြန်လည်ရောက်ရှိလာပြီး ၎င်း ၏ပြောကြားချက်အရ အကြမ်းဖက်သောင်းကျန်းသူများသည် ရှောက်ဟော်ကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝ ခန့်အကွာ၌ နှစ်ဖွဲ့ ပြန်လည်ပူးပေါင်းပြီး မန်ခိုပျဉ်ကျေးရွာသို့ သွား ရောက်ကြကြောင်း၊ မန်ခိုပျဉ်ကျေးရွာသို့ ရောက်ရှိစဉ် ၎င်းတို့သည် ညီအစ်ကိုနှစ်ဦးလုံး လူသစ် စုဆောင်းခံရခြင်း ဖြစ်ပြီး မိခင်တစ်ဦးတည်း ကျန်ရစ်ခဲ့ကြောင်း ပြောဆိုခဲ့သဖြင့်  ၎င်းကို ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။                  
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...