နေပြည်တော် အောက်တိုဘာ ၎
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်)၊ မကျီးပင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၃၈ ဦးကို မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အရိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားရောဂါ၊ အစာအိမ်ရောဂါ၊ တီဘီရောဂါ၊ ခွဲစိတ်လူနာ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment