-
နေပြည်တော် အောက်တိုဘာ ၁၅
-
အင်ဒိုနီးရှားနိုင်ငံ၏ (၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
-
ဦးစွာ ဧည့်ခံပွဲသို့ တက်ရောက်လာသည့် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော် အရာရှိကြီးများ၊ ဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Prof. Dr. Iza fadri ၊ စစ်သံမှူး Colonel Tri Handaka နှင့်တာဝန်ရှိသူတို့က ကြိုဆို နှုတ်ဆက်ကြသည်။
-
ထို့နောက် တိုင်းမှူး၊ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် နိုင်ငံတော် သီချင်းများဖြင့် နှစ်နိုင်ငံအလံကို အလေးပြုကြပြီး အင်ဒိုနီးရှား နိုင်ငံ၏(၇၃)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်အား လှီးဖြတ်ပေးကြသည်။
-
ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် သံအမတ်ကြီးနှင့် စစ်သံမှူးတို့က ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment