Social Icons

Pages

Tuesday, September 11, 2018

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ စတင်ပြုလုပ်



နေပြည်တော် ၁၁-၉-၂ဝ၁၈

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ရှိ နယ်မြေခံတပ်စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက် လာကြသူများ နှင့်အတူ ပထမနေ့ ပွဲစဉ်ဖြစ်သည့် အမျိုးသမီး ပစ္စတိုပစ်ခတ်စဉ် ပစ်ခတ်မှုများကို ကြည့်ရှုအားပေး ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို အရည်အချင်း ပြည့်ဝသည့် တပ်မတော်သားလက်ဖြောင့် သေနတ်သမားများ ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်လက်ရွေးစင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပြီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၇ သင်းနှင့် အမျိုးသမီးအသင်း ၂၇ သင်းတို့ဖြင့် စက်တင်ဘာ ၁၇ ရက်အထိ ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...