Social Icons

Pages

Wednesday, August 1, 2018

တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများနှင့် ဘုတ်ပြင်းမြို့ရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်






နေပြည်တော် ၁-၈-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် မြန်မာ အင်းတော် ကျေးရွာမှ ရေဘေးသင့် ပြည်သူများသည် ရေဘေးကင်းလွတ်ရာ သကျက်ချောင်းဝ ကျေးရွာရှိ မင်္ဂလာသီရိ ရတနာကျောင်းတိုက် သို့လည်းကောင်း၊ မြေမအုံကျေးရွာမှ ရေဘေးသင့်ပြည်သူများသည် အဆိုပါ ကျေးရွာရှိ အောင်သုခဘုန်းတော်ကြီးကျောင်းသို့လည်း ကောင်း ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင် ၃ဝ ရက်နှင့် ယနေ့တို့တွင် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က မင်္ဂလာသီရိ ရတနာကျောင်းတိုက်ရှိ ရေဘေးသင့် ပြည်သူ စုစုပေါင်း ၂၇၈ ဦးတို့ကို လည်းကောင်း၊ အောင်သုခဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၆၂ ဦးတို့ကို လည်းကောင်း သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ် သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ မင်္ဂလာသီရိရတနာ ကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နှင့်အဖွဲ့ဝင်များက ဇူလိုင် ၃ဝ ရက်တွင် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေး စကား ပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ ဘုတ်ပြင်းမြို့ရှိ ချောင်းတာစူးကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များနှင့် ကျေးရွာနေ ဒေသခံပြည်သူများ စုစုပေါင်း ၃၁၂ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အဆုတ်ရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...