Social Icons

Pages

Monday, June 25, 2018

ခရိုင် ငါးခရိုင်၌ တရားမဝင်သစ် တန် ၁၉ဝဝ ကျော် ဖမ်းဆီးရမိခဲ့



မကွေး ၂၅-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ငါးခရိုင်မှ တရားမဝင် သစ်တန်ပေါင်း ၁၉ဝဝကျော် ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး ခရိုင်ငါးခရိုင်တွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က တရားမဝင်သစ် ၂၉၉၅တန် ဖမ်းဆီးရမိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တရားမဝင်သစ် ၁၉၅ဝ ဒသမ ၈၂၆၃တန် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

"တိုင်းဒေသကြီးအတွင်း ခရိုင်ငါးခရိုင်မှာ တရားမဝင် သစ်မျိုးစုံ ဖမ်းဆီးရမိခဲ့ပါတယ်။ ဂန့်ဂေါခရိုင်မှာ ၃၅၂ ဒသမ ၅၁၄၃ တန်၊ ပခုက္ကူခရိုင်မှာ ၄ဝ၄ ဒသမ ၅၄၇၄တန်၊ မကွေးခရိုင်မှာ ၁၆၉ဒသမ၄၅၆၅ တန်၊ မင်းဘူးခရိုင်မှာ ၃၉ဝဒသမဝ၄၇၅တန်၊ သရက်ခရိုင်မှာ ၆၃၄ဒသမ ၂၆ဝ၆တန် စုစုပေါင်း ၁၉၅ဝဒသမ ၈၂၆၃တန် ဖမ်းဆီးရမိခဲ့ပါတယ်" မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောပြသည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များတွင်ကျွန်းသစ် လုံးတန် ၉၈ ဒသမ ၃၈ဝ၄ တန်၊ ခွဲသားတန် ၃၇၅ ဒသမ ၉၆၈၅ တန်၊ သစ်မာ လုံးတန် ၁၄ ဒသမ ၄၈၇၆တန်၊ ခွဲသား ၈၄၁ ဒသမ၂၁၃၂တန်၊ အခြားသစ်မျိုးစုံလုံးတန် ၉၉ ဒသမ ၃၃၅၂ တန်၊ ခွဲသား ၅၂၁ ဒသမ ၄၄၁၄ တန်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိရေးအတွက် ဒေသခံပြည်သူများက စောင့်ကြည့်သတင်း ပေးသည့် စနစ်ထူထောင်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနဆိုသည့် Network ထောင်ထားပြီး သတင်းပေးတိုင်ကြားသူများ အဆင်ပြေစေရန် ဖုန်းနံပါတ်များ ထည့်ပြီး ကြေညာထားကြောင်း၊ သတင်းပေး တိုင်ကြားလိုသူက သစ်ခိုးထုတ်နေပုံ၊ သစ်သယ်ယူနေပုံများကို ဓာတ်ပုံရိုက်ပြီး တိုင်ကြားနိုင်သကဲ့သို့ တိုင်ကြားမှုကို မှန်ကန်တိကျရန် လိုအပ်ကြောင်း၊ တိုင်ကြားလိုသူက အမည်မဖော်ပြလိုပါက ဖုန်းနံပါတ်သာ မှတ်ထားသည့် သတင်းပေးတိုင် ကြားမှုများရှိကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောပြ၍သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...