Social Icons

Pages

Wednesday, May 2, 2018

မြင်ကွန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၂-၅-၂ဝ၁၈

မကွေးတိုင်းဒေသကြီး၊ မြင်ကွန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ဧပြီ ၃ဝရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခွဲစိတ်မှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဒေသခံပြည်သူ ၃ဝ၆ ဦးတို့ကို ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူ ကျောင်းတိုက်တွင် ပြုလုပ်သော မကွေးတပ်နယ်၏ သင်္ကန်းကပ် အလှူတော်ပွဲသို့ တက်ရောက်၍ မြင်ကွန်းကျေးရွာအုပ်စု သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဥတ္တမ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆွမ်းဆန်တော်၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...