Social Icons

Pages

Monday, May 7, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထားဝယ်တပ်နယ်နှင့် ကလိန်အောင် တပ်နယ်ရှိနယ်မြေခံ တပ်များအားကြည့်ရှုစစ်ဆေး၊ ရေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ 
စကားပြောကြားစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထားဝယ်တပ်နယ် နယ်မြေခံတပ်ရင်းများ အတွင်းရှိ သက်သာချောင်ချိရေး အရောင်းဆိုင်ကို 
ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလိန်အောင်တပ်နယ် နယ်မြေခံတပ်ရင်းများ အတွင်းရှိရိပ်သာ (၃)မျိုး ဆောင်ရွက်ထားရှိမှုကို 
ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတွေ့ဆုံပွဲ တက်ရောက် လာကြသည့် ရေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်စဉ်။

နေပြည်တော် ၇-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ၀င်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ထားဝယ်တပ် နယ်ရှိနယ်မြေခံ တပ်ရင်းများအတွင်းရှိ စိုက်ပျိုးမွေးမြူရေး ခြံများအတွင်း စိုက်ပျိုးထားရှိမှု အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် တပ်ရင်းများ အတွင်းရှိ စာကြည့်တိုက်၊ သက်သာချောင်ချိရေးအရောင်းဆိုင်၊ တပ်တွင်းစားသောက်ဆိုင်၊ တပ်တွင်းဆံသဆိုင်နှင့် ရိပ်သာတို့အားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် ကလိန်အောင်တပ်နယ်သို့ ရောက်ရှိ၍ နယ်မြေခံ တပ်ရင်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရိပ်သာ (၃) မျိုးဆောင်ရွက် ထားရှိမှုတို့ အားကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ်ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ညနေပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရေးတပ်နယ်မှအရာရှိ စစ်သည်မိသားစုများအား နယ်မြေခံတပ်ဌာနချုပ် အတွင်းရှိ တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိ ကြီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက် ကြသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၌လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၏ အခြေအနေများ၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာ ထိပါးနှောင့်ယှက်နေမှု အခြေအနေများအပေါ် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုများ ပူးပေါင်းကာကွယ်ဆောင်ရွက် နေရမှုတို့ကို ဦးစွာပြောကြားသည်။

ထို့နောက် ခေတ်မီတပ်မတော် (Standard ARMY) တည်ဆောက်ရာတွင် တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြင့်တက် စေရေးနှင့်တိုက်စွမ်း ရည်တိုးတက်စေရေး ဆောင်ရွက်ရာတွင် လေ့လာ၊ လေ့ကျင့်၊လိုက်နာဆိုသည့် ဆောင်ပုဒ်နှင့် အညီပြုလုပ်ရန်၊ ပြောင်းလဲတိုးတက် နေသည့်စစ်နည်းဗျူဟာနှင့် လက်နက်နည်း စနစ်များအား စဉ်ဆက် မပြတ်လေ့လာရန်၊ တိုးတက်ပြောင်းလဲနေသည့် စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာ များအားကျွမ်းကျင်မှု ရှိစေရေး အမြဲလေ့ကျင့်ရန်၊ လေ့လာလေ့ကျင့် ခဲ့သည်များအား လက်တွေ့နယ်ပယ်၌ မိမိဆင်ခြင်သုံးသပ်မှု ဖြင့်စစ်ပညာ၊ စစ်ဥပဒေသများ၊ သိပ္ပံပညာရပ် များနှင့်အတူ လိုက်နာကျင့်သုံးရန် လိုအပ်မှု၊စစ်သည် အဆင့်အတန်းအားလုံးတပ်နေ ပျော်စေရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်သည့် အခြေခံအချက်များ၊ ဖြည့်ဆည်းပေးရန် နှင့် စစ်ဆေးရန်အချက်များ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းများအောင်မြင် အစဉ်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် စေရေးတစ်ဦးချင်း ကျေပွန်ရမည့် တာဝန်ဝတ္တရားများ၊ တပ်မတော်သည်နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်နေရသည့် တရားဝင်အဖွဲ့အစည်းဖြစ်သဖြင့် မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာဆောင်ရွက်ရေးနှင့် စစ်မြေပြင်နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE)ကိုချိုးဖောက်ခဲ့သဖြင့် အရေးယူခဲ့ရသောသာဓက ဖြစ်စဉ်များအား အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ထာဝရငြိမ်းချမ်းရေး ရရှိစေရေးတပ်တိုင်းက စည်းရုံးရေးနယ်မြေ အလိုက်ဆောင်ရွက် သွားရမည့် ကိစ္စရပ်များ၊ လူမှုကွန်ရက်အင်တာနက် ၀က်ဆိုဒ်များမှ တစ်ဆင့်စစ်သတင်းနှင့် မိမိတပ်သတင်းများ မပေါက်ကြားရေး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ ၀င်ငွေထွက်ငွေညီညွတ် မျှတစွာသုံးစွဲ၍ ကျန်းမာကြံ့ခိုင်စေရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသအခြေအနေအရ မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်း များ၌စစ်သည်၊ မိသားစုဝင်များ ပါဝင်ပတ်သက်မှု မရှိစေရေး လိုက်နာဆောင်ရွက်ရန် အသေးစိတ်မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသ စာအုပ် စာစောင်များနှင့် ရွှေဖီဦးအသင့်ဖျော် လက်ဘက်ရည်ထုပ်များကို လည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်က တပ်နယ်မှမူကြို ကလေးငယ်များအား အဟာရ ဖြည့်စွက် အစားအစာကျွေးမွေးရန် အတွက်ချီးမြှင့်ငွေများကို လည်းကောင်းပေးအပ်ရာ တိုင်းမှူးနှင့် ဇနီးတို့က လက်ခံရယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ကတပ်နယ်မှ အရာရှိ၊စစ်သည်၊ မိသားစုများအတွက် အားကစားပစ္စည်းများကို လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်က စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီးပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်နယ်မှအရာရှိ၊ စစ်သည်များအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...