Social Icons

Pages

Friday, April 27, 2018

မန္တလေးမြို့သို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှုဖြစ်ပွား



စစ်ကိုင်း ၂၇-၄-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေးဆိမ်ကမ်းသို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီးသည် စစ်ကိုင်းမြို့ မင်းကွန်းတိုက်နယ် သဲဖြူချောင်းကျေးရွာရှေ့ အရောက်ဧရာဝတီမြစ်အတွင်း နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောပြသည်။

မတ္တရာမြို့နယ် အေးကျွန်းရွာမှ မန္တလေး ဆိပ်ကမ်းသို့ ပဲအိတ်များ ပို့ဆောင်ရန်လာသည့် ရေယာဉ်တစ်စီးသည် ယနေ့မွန်းလွဲ ၁၂ နာရီမိနစ် ၃ဝ ကျော်ခန့်တွင် မင်းကွန်းတိုက်နယ်၊ သြဲဖူချောင်းကျေးရွာ ရှေ့အရောက်မိုးသက်လေပြင်း ကျလာသဖြင့် ကမ်းသို့ကပ်ရန် ကြိုးစားရာမှ ရေထဲရှိတံစုန်း၏ အချွန်ဖြင့် ရေယာဉ်အောက်ပိုင်း ထိုးမိ၍ ရေယာဉ်ဝမ်းဗိုက် ပေါက်ကာ ၎င်းနေရာတွင် စောင်းလျက်နစ်မြုပ် သွားကြောင်း မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"နေ့ခင်း ၁၂ ခွဲ ကျော်လောက်က မိုးသက် လေပြင်းကျတော့ ကမ်းကပ်ဖို့ စီစဉ်တာမှာ တံစုန်း (လှေပျက်) နဲ့ထိုးမိတာ၊ ကမ်းနားနီးတော့ ကယ်ဆယ်ရေးလုပ်ရတာ အဆင်ပြေသွားတယ်။ ထိခိုက်ဒဏ်ရာနဲ့ အသေအပျောက်မရှိပါဘူး"ဟု မင်းကွန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောပြသည်။

ထိုကဲ့သို့ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့် ရေယာဉ်ပေါ်တွင် ပါလာသော ခရီးသည် ၁၅ ဦးခန့်အားကမ်းတွင် ဆိုက်ကပ်ထားသော စက်လှေတစ်စီးမှ ထွက်၍ ကယ်တင်သောကြောင့် ခရီးသည် အားလုံး အသက်အန္တရာယ်မှ လွတ်မြောက် ခဲ့ကြောင်းနှင့် ရေယာဉ်ပေါ်တွင် ပါလာသော ပဲအိတ်မျိုးစုံ ၂၅ဝ ကျော်ကို သဲဖြူချောင်းရွာ ဒေသခံများက ဝိုင်းဝန်းကူညီ သယ်ဆောင်၍ ဆိပ်ကမ်း သောင်ပြင်ပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...