Social Icons

Pages

Tuesday, March 6, 2018

သီလဝါအထူး စီးပွားရေးဇုန် တည်ဆောက်ပြီးစီးပါက လုပ်သားဦးရေ ၁ ဒသမ ၅ သန်းခန့် အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်



ရန်ကုန် ၆-၃-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုလုံး တည်ဆောက်ပြီးစီးပါက ပြည်တွင်းမှ လုပ်သားဦးရေ ၁ ဒသမ ၅ သန်းခန့်အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာယူတာကာဖူဂျီ ဝါရာထံမှ သိရသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံအပြင် တခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာရန်နှင့် ပြည်တွင်းမှ လူငယ်လူရွယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ သီလဝါအထူး စီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သီလဝါ အထူးစီးပွားရေး ဇုန်မှ အလုပ်သမား ၈ဝ ရာခိုင်နှုန်းခန့်သည် သန်လျင်နှင့် ကျောက်တန်းမြို့တို့မှ ဒေသခံ ပြည်သူများဖြစ်ပြီး လုပ်သားအများစုသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ထား သူများမဟုတ် ကြောင်းနှင့် ပညာအရည်အချင်း မြင့်မားသော လုပ်သားများ၊ ဝန်ထမ်းများကို လုပ်ငန်းပိုင်း ပိုမိုကျွမ်းကျင် လာစေရန် အာဆီယံဒေသတွင်း နိုင်ငံတချို့သို့ ပညာတော်သင် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည် ဖော်ခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် စက်ရုံ၊ အလုပ်ရုံ အများအပြား တည်ဆောက်ပြီးစီး၍ ယခုအခါ လုပ်ငန်းများ စတင်လည်ပတ် လုပ်ကိုင်နေပြီ ဖြစ်သည်။

သီလဝါအထူး စီးပွားရေးဇုန်အပိုင်း (က) ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ပြီးနောက် ယခုအခါ အပိုင်း(ခ) ကိုလည်း ဆက်လက်ဖော်ဆောင် လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန်ရည်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...