Social Icons

Pages

Wednesday, February 21, 2018

မြိတ်ကျွန်းစုထွက် ပုလဲများကို ဟောင်ကောင်မြို့၌ လေလံပွဲပြုလုပ်၍ ရောင်းချမည်



မြိတ် ၂၁-၂-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစုထွက် မြန်မာ့ပုလဲများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ဟောင်ကောင်မြို့၌ ခြောက်ကြိမ်မြောက် မြန်မာ့ပုလဲ လေလံပွဲပြုလုပ်၍ သွားရောက်ရောင်းချ သွားမည်ဖြစ်ကြောင်း ပုလဲမွေးမြူသူ များထံမှ သိရသည်။

ပုလဲရောင်းချပွဲများကို တစ်နှစ်လျှင် ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့် တစ်ကြိမ်၊ နိုင်ငံခြားငွေဖြင့် တစ်ကြိမ်၊ ပြည်ပနိုင်ငံများ၌ တစ်ကြိမ်သွားရောက် ရောင်းချလျက်ရှိပြီး ပြည်ပဈေးကွက် ထိုးဖောက်မှုအနေဖြင့် ၂ဝ၁၃ ခုနှစ်မှစတင်၍ Myanmar Pearl Auction ကို ဟောင်ကောင်မြို့၌ သွားရောက် ကျင်းပခဲ့ပြီး ယခုအခါ ငါးကြိမ်မြောက် ဖြစ်သည်။

ပြည်တွင်းပြည်ပ အရောင်းပြပွဲများမှ ဆန်းစစ်ချက်အရ တနင်္သာရီတိုင်း ဒေသကြီးမှ ထွက်ရှိသည့် ပုလဲများကို အာရှနှင့်ဥရောပ နိုင်ငံများမှ ကုန်သည်များ အများဆုံးလာရောက် ဝယ်ယူကြပြီး ဂျပန်၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ကနေဒါ၊ အမေရိကန် စသည့်နိုင်ငံတို့မှလည်း လာရောက်ဝယ်ယူကြကာ စိတ်ဝင်စားမှု အမြင့်မားဆုံး နိုင်ငံများမှာ ဂျပန်၊ တရုတ်နှင့် အိန္ဒိယတို့ဖြစ်သည်။

မြန်မာ့ပုလဲများကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ ပုလဲအလုံးရေ ၁၁ သိန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပုလဲအလုံးရေ နှစ်သိန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ပုလဲရောင်းချမှု မှတ်တမ်းအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...