Social Icons

Pages

Thursday, January 18, 2018

ရေတာရှည်မြို့နယ်တွင် တောင်သူအကျိုးပြု စနစ်ကျအဆင့်မြင့် လယ်မြေဧက ၁၅ဝ ယခုလကုန်တွင် တောင်သူများထံ အပ်နှံပေးသွားမည်



ရေတာရှည် ၁၈-၁-၂ဝ၁၈

ရေတာရှည်မြို့နယ် ပိတောင်ခင် ကျေးရွာအုပ်စုတွင် တောင်သူအကျိုးပြု စနစ်ကျအဆင့်မြင့် လယ်မြေဧက ၁၅ဝကို ၂ဝ၁၇ ခုနှစ်ဒီဇင်ဘာ ၂ဝ ရက်မှစတင်၍ မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးတက်လမ်းကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီး ဇန်နဝါရီလကုန်တွင် တောင်သူများထံ အပ်နှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စက်မှု လယ်ယာဦးစီးဌာန ဦးစီးမှူး
ဦးသန်းဦးက ပြောပြ၍ သိရသည်။

အဆိုပါ စနစ်ကျအဆင့်မြင့် လယ်မြေ ဖော်ထုတ်သည့် လုပ်ငန်းများကို ဒေသခံတောင်သူများက လာရောက်လေ့လာ ကြည့်ရှုလျက်ရှိပြီး တောင်သူများစုပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါက လယ်ယာလုပ်ငန်းခွင်၌ကြုံတွေ့နေကြရသည့် ကုန်ထုတ်လမ်းများမရှိခြင်း၊ လယ်ယာသုံး စက်ကိရိယာများ သွားလာဝင်ထွက် သည့်အခါ အခက်အခဲများ ကြုံနေကြရခြင်းအပြင် ရေသွင်း၊ရေထုတ်မြောင်းများ တည်ဆောက်နိုင်ရေးအတွက် များစွာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

"စက်အစီးရေ ၁၅ စီးနဲ့ဆောင်ရွက်နေတာပါ။ မြေပြုပြင်တာ ပြီးသွားပြီ။ မြေညှိတာက ဒုတိယအကြိမ် စတင်နေပါပြီ။ ကန်သင်းဆယ်တာ၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ စက်ဆင်းလမ်းတွေအားလုံး လုပ်နေတာပါ။ ဒီလကုန်ဆိုရင် တောင်သူတွေဆီ အပ်နှံနိုင်မှာပါ"ဟု မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဦးက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...