Social Icons

Pages

Monday, October 23, 2017

ညောင်လေးပင် မြို့နယ်တွင် ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွား



ညောင်လေးပင် ၂၃-၁၀-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အနီးတွင် ယနေ့ နံနက် ၂နာရီခန့်က ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ကြောခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁ဝ၃/၁) နှင့် (၁ဝ၃/၂) ကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ E-Lan ဆပ်ပြာမှုန့်များ တင်ဆောင်လာသော ယာဉ်မောင်း ကောင်းမြတ်အောင် (ဘ) ဦးအောင်သန်းမြင့် အောင်လံမြို့နေသူနှင့် ယာဉ်နောက်လိုက် နောင်သက်ပိုင် (ဘ) ဦးစောကြည်မြင့် လိုက်ပါလာသည့် ယာဉ်အမှတ် 7J/----- NISSAN DESEL ၁၈ ဘီးယာဉ်သည် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရှိခြင်းမရှိဘဲ နံနက် ၇ နာရီထိ ယာဉ်များပိတ်မိနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကောင်းမြတ်အောင်ကို ညောင်လေးပင်မြို့မရဲစခန်းက ယာဉ် (ပ) ၄၆/၂ဝ၁၇၊ ပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်ကာ ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် ယာဉ်များပုံမှန်သွားနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...