Social Icons

Pages

Monday, September 18, 2017

မြန်မာ့သင်္ဘောကျင်း လုပ်ငန်း ဧပြီ ၁ ရက်မှ သြဂုတ်လကုန်ထိ ရေယာဉ် ၁၁ စီးကို သင်္ဘောကျင်းတွင် လွန်းတင်ပြင်ဆင်ပေးနိုင်ခဲ့



ရန်ကုန် ၁၈-၉-၂၀၁၇

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်မှ သြဂုတ်လကုန်ထိ ရေယာဉ် ၁၁ စီးကို တန်ချိန် ၁၂ဝဝဝရေလုံ သင်္ဘောကျင်းတွင် လွန်းတင်ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း သတင်းများအရ သိရသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒရည်မှန်းချက်လုပ်ငန်းစဉ်များ နှင့်အညီ ရေယာဉ်တည်ဆောက်ရေးနှင့် ရေယာဉ်ပြင်ဆင်ရေးလုပ် ငန်းများကို အပြည်ပြည် ဆိုင်ရာ Classification အဖွဲ့အစည်းများ၏ စစ်ဆေးမှုကို ခံယူဆောင်ရွက်နေသည့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများအရ ၁၉၇ဝ ပြည့်နှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ထိ ရေယာဉ်သစ် ၅၂၄ စီးတည်ဆောက်ပေးခဲ့ပြီး ရေယာဉ် ၁၅၆၉ စီး ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအနေဖြင့် ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများကို အဓိကစီးပွားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ရေယာဉ်ပိုင်ရှင်များ၏ ရေယာဉ်များ ပေးပို့ပြင်ဆင်မည့် အခြေအနေပေါ် မူတည်၍ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများကိုလုပ်ငန်း ရည်မှန်းချက်ပြည့်မီစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...