Pages

▼

Friday, July 7, 2017

ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၌ မီးလောင်မှုဖြစ်ပွား


မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာကို တွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ မြတ်လေးလမ်းနှင့် နှင်းဆီလမ်းကြားရှိ ဒေါ်ခိုင်စန္ဒာမိုး (ဘ) ဦးမိုးဆွေ၏နေအိမ်၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဘုရားမီးပူဇော် ရာမှတစ်ဆင့် မီးလောင်မှုစတင် ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၅ဝ စီး၊ ရေသယ်ယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့သဖြင့်နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိဘဲ နေအိမ် ၂၈ လုံး၊ Light Truck အမျိုးအစားမော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့ မီးလောင်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၉၉ သိန်း မီးလောင် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား အောင်ပင်လယ်ရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment