Social Icons

Pages

Friday, July 7, 2017

ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းရမည့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော အပင်မျိုးစိတ်များစာရင်းတွင် မြန်မာနိုင်ငံမှ အပင်မျိုးစိတ်များပါဝင်နေ



ရန်ကုန် ၇-၇-၂၀၁၇

အပြည်ပြည်ဆိုင်ရာ သဘာဝနှင့်သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းရမည့် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နေသော အပင်မျိုးစိတ်များ စာရင်းတွင် မြန်မာနိုင်ငံမှ အပင်မျိုးစိတ် ၆၂၆ မျိုး ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရသည်။

IUCN မှ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းရမည့် အပင်များကို အဆင့် (၉) ဆင့်သတ်မှတ်ထားပြီး ယင်းအဆင့် (၉) ဆင့်စလုံးတွင် မြန်မာနိုင်ငံမှ အပင်မျိုးစိတ်များ ပါဝင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအပင် မျိုးစိတ်များစာရင်း အဆင့် (၁) တွင် မြန်မာနိုင်ငံမှ အပင် ၁၆ မျိုး၊ အဆင့် (၂) တွင် အပင် ၂၄ မျိုး၊ အဆင့် (၃) တွင်အပင် ၂၃ မျိုးနှင့် တခြားအဆင့်များ တွင်လည်း အသီးသီးပါဝင် လျက်ရှိသည်။

မြန်မာနိုင်ငံ၌ IUCN မှ အကဲဖြတ် ဆန်းစစ်မှု မပြုလုပ်နိုင်သေးသည့် အပင်မျိုးစိတ် ၁၄ မျိုးနှင့် အချက်အလက် ပြည့်စုံမှု မရှိသေးသည့် မျိုးစိတ် ၂၃ မျိုးရှိပြီး မျိုးသုဉ်းရန် အန္တရာယ်နည်းပါးသော အပင်မျိုးစိတ် ၄၇၆ မျိုးရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...