Social Icons

Pages

Tuesday, May 30, 2017

Shwe Zabu River View Complex အရောင်းပြပွဲ ကျင်းပမည်



ရန်ကုန် ၃၀-၅-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Shwe Zabu River View Complex မြေညီထပ်၌ Shwe Zabu River View Complex အရောင်းပြပွဲကို ဇွန် ၃ ရက်နှင့် ၄ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Shwe Zabu River View Complex မှာ ရန်ကုန်မြို့၏ အချက်အချာကျပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိသော အလုံကမ်းနား လမ်းမကြီးပေါ်တွင် စင်ကာပူနည်းပညာဖြင့် မြေအကျယ် ၁ ဒသမ ၅ ဧကပေါ်၌ နိုင်ငံတကာ အဆင့်မီတည်ဆောက် ထားခြင်းဖြစ်သည်။ Shwe Zabu River View Complex ၌ တာဝါစုစုပေါင်း လေးလုံးရှိပြီး အခန်းပေါင်း ၁ဝ၄ ခန်းပါဝင်ကာ ၁၃ ဦး စီး Schindler lift ရှစ်စီး ပါဝင်ကြောင်း၊ ထို့ပြင်၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန် မီးစက်နှစ်လုံး တပ်ဆင်ပေးထားပြီး လုံခြုံရေးစနစ်အတွက် Video Phone နှင့် CCTV ကင်မရာများ တပ်ဆင်ပေးထားကာ မီးဘေးအန္တရာယ်အတွက် ဂါလန် ၃ဝဝဝဝ ဆံ့ မီးသတ်ရေကန်နှင့် Fire Alarm System များ တပ်ဆင်ပေးထားကြောင်း သိရသည်။

ထို့ပြင် Mini mart (24 hours) များ၊ ရုပ်ရှင်ရုံနှင့် ကာရာအိုကေ၊ အရေးကြီး အစည်းအဝေးများ ပြုလုပ်နိုင်သည့် ခန်းမများ၊ အားကစားခန်းမများ၊ အလှပြင်ဆိုင်များ၊ ကလေးကစားကွင်း၊ ရေကူးကန်နှင့် ကားပါကင်များ ပါဝင်ကြောင်း သိရသည်။

Shwe Zabu River View Complex အရောင်းပြပွဲလာ Shwe Dagon Pagoda View နှင့် River View အခန်းဝယ်ယူသူ ပြည်သူများအတွက် အခန်းများကို ကနဦး ၃ဝ ရာခိုင်နှုန်း ငွေပေးသွင်းပြီး ၇ဝ ရာခိုင်နှုန်းကို ဘဏ်ဖြင့် ချိတ်ဆက်၍ သုံးနှစ်မှ ၁၅ နှစ်အထိအရစ်ကျ ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း၊ Shwe Zabu River View Complex ကို ၂ဝ၁၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဧပြီလတွင် အပြီးသတ် ဆောက်လုပ်ခဲ့ ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...