Social Icons

Pages

Tuesday, May 2, 2017

တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန်များ တည်ထောင်နိုင်ပါက ကုန်သွယ်မှုမြင့်တက်လာမည်


မန္တလေး-မူဆယ် လမ်းပိုင်းတစ်နေရာကိုတွေ့ရစဉ်။

မန္တလေး ၂-၅-၂၀၁၇

ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနယ်စပ် ဒေသများနှင့် ကီလိုမီတာ ၁ဝဝဝ ကျော်ထိ ထိစပ်နေသော ဒေသဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုများဝင်၊ ထွက်နေသည့် ဒေသတစ်ခု ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ တည်ထောင်နိုင်ပါက ကုန်သွယ်မှု မြင့်တက်လာမည် ဖြစ်ကြောင်း မန္တလေးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း MRCCI ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောပြ၍ သိရသည်။

နှစ်နိုင်ငံကြား ကြီးထွားလာသော တရားမဝင် ကုန်သွယ်မှုနှင့်အတူ အရည်အသွေး နိမ့်ကုန်ပစ္စည်းများ၊ ဈေးကွက်ဖျက်ကုန် ဈေးနှုန်းများဖြင့် တင်ပို့နေမှုများကို ပူးပေါင်းကာကွယ် တားဆီးနိုင်ရေးနှင့် တရားဝင်နယ်စပ် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် အတွက် နယ်စပ်ဖြတ်ကျော် စီးပွားရေး ဇုန်များတည်ထောင်ရေး ကိုတရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပြည် နယ်အုပ်ချုပ်ရေးမှူး Mr.Chen Shun ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ မတ်လအတွင်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရားမဝင် ကုန်စည်များ၊ အရည်အသွေးနိမ့် ကုန်စည်များနှင့် ကုန်ပစ္စည်း အတုအပများ ပမာဏများပြားစွာ ဝင်ရောက်လာမှုကြောင့် မြန်မာ့စားသုံးသူ လူထုအပြင် မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ထိခိုက်လျက်ရှိရာ ထိရောက်ပြတ်သားစွာ တားဆီးနိုင်ရေးကို နှစ်ဖက်အဖွဲ့အစည်းများက သဘောတူဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် အရည်အသွေးနိမ့် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံအတွင်း တရားဝင်လုပ် ကိုင်ခြင်းမရှိသော ကုမ္ပဏီများက မှောင်ခိုလမ်းကြောင်းများ မှတစ်ဆင့် တင်ပို့နေခြင်း
ဖြစ်သောကြောင့် တရုတ်ကုန်ပစ္စည်းများ နာမည်ပျက်ရသည့် အတွက် ပြည်နယ်အစိုးရ အနေဖြင့် တရားမဝင် ကုမ္ပဏီများကို ပိုမိုထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်
ရေးမှူး  Mr. Chen Shun ကပြောပြသည်။

နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေးနှင့် တရားမဝင်ကုန်သွယ်မှု လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ကုန်ပစ္စည်း၊ အရည်အသွေး တိုင်းတာ
သည့် စက်ကိရိယာများနှင့် နည်းပညာများ ကိုလည်း ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တရားမဝင် ကုန်သွယ်မှု လျှော့ချရေးသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ လက်တွဲတည်ထောင်ရန် အတွက်လည်း ဆွေးနွေး
ခဲ့ကြပြီး နှစ်ဖက်ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စီးပွားရေးနှင့် ကုန်သွယ်မှုဇုန်များ တည်ထောင်နိုင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်သွားရန် အတွက် အလွန်အရေးပါသည့် လုပ်ငန်းဖြစ်
ကြောင်း မန္တလေးကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောပြ၍ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ စာ(၃၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...