Social Icons

Pages

Wednesday, May 3, 2017

မြန်မာနိုင်ငံမှထုတ်လုပ်သည့် သစ်အစားထိုးအသုံးပြုနိုင်သည့် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များ၌ ဝယ်ယူသုံးစွဲမှု များပြားလာ၍ ဈေးကွက်တွင်ကျယ်လာ




ရန်ကုန် ၃-၅-၂၀၁၇

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သစ်အစားထိုး အသုံးပြုနိုင်သည့် Wood Plastic ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ဝယ်ယူသုံးစွဲမှု များပြားလာ၍ ဈေးကွက်တွင်ကျယ် လာကြောင်း မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်း ရှင်များအသင်း၏ သတင်းများအရ သိရသည်။

ယခုအခါ နိုင်ငံတကာတွင် ပလတ်စတစ်ပစ္စည်းများ ကိုတွင်ကျယ် စွာအသုံးပြုလာ နေသကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့်လည်း ပလတ်စတစ် ဆိုင်ရာပစ္စည်းများကို တစ်နှစ်ထက် တစ်နှစ် ခေတ်မီနည်းပညာ၊ ခေတ်မီ
စက်ကိရိယာများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်စွာ ထုတ်လုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်းရှင်များ အသင်းကလည်း ပလတ်စတစ်ဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်လျက်ရှိရာ ပလတ်စတစ်နှင့် ပြုလုပ်ထားသည့် သစ်အစားထိုး ပစ္စည်းများဖြစ်သည့် (Wood Plastic)ကို ပြီးခဲ့သည့်နှစ်နှစ်က စတင်ထုတ်လုပ်ခဲ့ရာ ယခုအခါ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ဈေးကွက်တွင်ကျယ်စွာ ရောင်းချပေးနေ ရပြီဖြစ်သည်။

အဆိုပါ သစ်အစားထိုး ပလတ်စတစ် ပစ္စည်းများသည် သစ်တော ပြုန်းတီးမှု ကာကွယ်ရေး လုပ်ဆောင်မှုများကို အထောက်အကူဖြစ် စေသည့်အပြင် အဆောက်အအုံ ဆောက်ရာတွင် လည်းကောင်း၊ ပရိဘောဂပြုလုပ်ရာတွင် လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်းကောင်း သေသပ်လှပ ခိုင်ခန့်မှုများ ရှိနေသဖြင့် သုံးစွဲသူများ အတွက်ကျေနပ် ဖွယ်ဖြစ်နေသည်။

ထို့ပြင် ထိုသို့သစ်အစားထိုး အသုံးပြုနိုင်ငံသည် Wood Plastic ကို ပြည်ပဈေးကွက်များသို့ တွင်ကျယ်စွာ တင်ပို့ရောင်း ချပေးနေသဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများလည်း တိုးတက်ရရှိ လာမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...